မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၉ နိုင်ငံမှ နိုင်ငံသားများအား (၆) လအထိ သက်တမ်းရှိ ခရီးသွားဗီဇာရယူကာ ရုရှားနိုင်ငံသို့ လာရောက်ရန် ခွင့်ပြုကြောင်း အတည်ပြုသည့် အမိန့်တစ်ရပ်အား ရုရှားဝန်ကြီးချုပ် H.E. Mikhail Mishustin က လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြသည့် ၁၆-၂-၂၀၂၃ ရက်စွဲပါ Decree of the Government of the Russian Federation No. 372-r အား ရုရှားအစိုးရ၏ ဥပဒေနှင့်အမိန့်များဆိုင်ရာ တရားဝင် သတင်းအချက်အလက် များ ထုတ်ပြန်သည့် ဝက်ဘ်ဆိုက်သတင်းစာမျက်နှာတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းနှင့် နိုင်ငံတွင်းမှ ပြန်လည်ထွက်ခွာခြင်း လုပ်ထုံးလုပ်နည်းများဆိုင်ရာ ဖက်ဒရယ်ဥပဒေ ပုဒ်မ ၂၅ အရ (၆) လအထိ သက်တမ်းရှိ ခရီးသွားဗီဇာ လျှောက်ထားရယူနိုင်မည့် နိုင်ငံများမှာ ဘာရိန်း၊ ဘရူနိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ ကူဝိတ်၊ လာအို၊ မလေးရှား၊ မက္ကဆီကို၊ မြန်မာ၊ အိုမန်၊ ဆော်ဒီအာရေဗျ၊ ဆားဘီးယား၊ ထိုင်း၊ တူကီယဲနှင့် ဖိလစ်ပိုင်နိုင်ငံများ ဖြစ်ကြပြီး၊ ယင်းနိုင်ငံများမှ နိုင်ငံသားများသည် (၆) လအထိ သက်တမ်းရှိ သာမန်ခရီးသွားဗီဇာဖြင့် ရုရှားနိုင်ငံသို့ လာရောက်လိုပါက ဟိုတယ်များ သို့မဟုတ် အစိုးရက သတ်မှတ်ထားသည့် ဟိုတယ်၊ ski slopes များ၊ ကမ်းခြေများစာရင်းတွင် ပါဝင်သည့် accommodation facilities များတွင် နေထိုင်ရန် reservation မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း အဆိုပါ အမိန့်ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

ann 20230227 01

ann 20230227 01

ann 20230227 01

ann 20230227 01

Exchage Rate

لايمكن العثور على التغذية الإخبارية

Contact info

Lao-Thai Road, Watnak Village Sisattanak District, P.O.Box No-11 Vientiane PDR.

mmembvte@gmail.com

(856) (21) 314910, 314911, 353491

(856) (21) 314913

www.myanmarembassy-vte.org