၁။ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို မြန်မာ နိုင်ငံ၌ ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါဖော်ပြချက်များမှာ သတင်းမှားများသာဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။
၂။ ဗီယင်ကျန်းမြို့၊ မြန်မာသံရုံးအနေဖြင့် လာအိုနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင်/နေထိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးခြင်း ၊ အသစ်ထုတ်ပေးခြင်းလုပ်ငန်းများ အပါအဝင် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို သံရုံး၌ ပုံမှန်အတိုင်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
၃။ မြန်မာသံရုံး၊ဗီယင်ကျန်းမြို့၌ သာမန်မြန်မာနိုင်ငံကူး လက်မှတ်အမျိုးအစား (၇)မျိုးဖြစ်သည့် PB (Business Passport)၊ PT (Dependent Passport)၊ PJ (Job Passport)၊ PR (Religious Passport)၊ PS (Seaman Passport)၊ PE ( Student Passport) နှင့် PV ( Visit Passport) များ အားလုံးကို သတ်မှတ်စည်းမျဥ်း/ စည်းကမ်းများနှင့်အညီ သက်တမ်းတိုးပေးခြင်း၊ အသစ်ထုတ်ပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်