(၈-၁၂-၂၀၂၁ ရက်၊ နေပြည်တော်)
ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည်။
ဖနောင်ပင်မြို့သို့ရောက်ရှိနေစဉ်အတွင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်အား ဂါရဝပြုတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေးသာမက အာဆီယံနည်းလမ်းနှင့် စိတ်ဓာတ်ကို အခြေခံလျက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလ အတွင်း ဦးစားပေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်းနှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်သွားနိုင်မည့် အလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာ-အာဆီယံပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံမိသားစုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ရေး စိတ်ဓာတ်တို့ကို အခြေခံလျက် အာဆီယံမူဘောင်အောက်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုအတွင်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်၊ နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့လည်း တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
Union Minister for Foreign Affairs pays a working visit to Cambodia
(8-12-2021, Nay Pyi Taw)
U Wunna Maung Lwin, Union Minister for Foreign Affairs paid a working visit to Cambodia from 6 December to 7 December 2021 as a Special Envoy of Senior General Min Aung Hlaing, Chairman of the State Administration Council and Prime Minister of the Republic of the Union of Myanmar and at the invitation of Mr. PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of Cambodia.
While in Phnom Penh, the Union Minister paid a courtesy call on Samdech HUN SEN, Prime Minister of the Kingdom of Cambodia in the morning of 7 December 2021 and discussed matters related to further consolidation of existing friendly relations and cooperation between Myanmar and Cambodia as well as prioritized areas of cooperation during Cambodia's ASEAN Chairmanship in 2022 on the basis of ASEAN way and spirit.
On the same day, the Union Minister also held a meeting with Mr. PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia. At the meeting, they cordially exchanged views on matters pertaining to the further enhancement of the existing friendship and bilateral relations between Myanmar and Cambodia, the possibilities of further strengthening the mutually beneficial cooperation between the two countries and closer collaboration at both regional and multilateral arenas. Furthermore, they also discussed matters related to Myanmar-ASEAN cooperation and future collaboration under the ASEAN frameworks on the basis of ASEAN family spirit and ASEAN solidarity. During the meeting, the Union Minister also apprised the Deputy Prime Minister and Minister of Foreign Affairs and International Cooperation of Cambodia on recent developments and foreign policy of Myanmar and political, economic and social objectives laid down by the State Administration Council.
The Union Minister and Myanmar Delegation also attended the luncheon hosted by the Deputy Prime Minister and Minister of Foreign Affairs and International Cooperation of Cambodia in the afternoon of 7 December 2021.
The Union Minister and delegation arrived back Nay Pyi Taw in the evening of 7 December 2021.