၂၈-၈-၂၀၂၀ ၊ ဗီယင်ကျန်းမြို့
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ အာဆီယံနိုင်ငံသံရုံးများ၏ ၃ လ တစ်ကြိမ် ပြုလုပ်သည့် ASEAN Consultative Meeting ကို ၂၈-၈-၂၀၂၀ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် ဗီယင်ကျန်းမြို့ Don Chan Palace Hotel ၌ ကျင်းပခဲ့ပြီး အိမ်ရှင် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Thongphane Savanphet နှင့်အတူ သံအမတ်ကြီး ဉီးကိုကိုနိုင်က ပူးတွဲဉက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဉီးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Ms. Sengdavanh VONGSAY အပါအဝင် အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးဒုတိယအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။