အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအချို့က ၂၆-၁၁-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရှိရသည်။ ယင်းပူးတွဲကြေညာချက်တွင် တပ်မတော်က အစိုးရဆန့်ကျင်သူများကို အင်အားအလွန်အကျွံ သုံးစွဲချေမှုန်းနေကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။

အဆိုပါပူးတွဲကြေညာချက်ပါ ဖော်ပြချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် အစိုးရဆန့်ကျင်နေသူများ၊ အကြမ်းဖက်အဖွဲ့များထံမှ ရရှိသည့်အချက်များကို အခြေခံထားသောကြောင့် မှန်ကန်မှုမရှိကြောင်း ဖော်ပြအပ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လိုအပ်သည့် အရေးယူမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုကို ပျက်ပြားအောင် ဉီးတည်လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့များ၏ ကျူးလွန်မှုများနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသော အကြမ်းဖက်လုပ်ရပ်များကို လျစ်လျူရှုလျက် ပြစ်တင်ရှုတ်ချခြင်း၊ တားဆီးခြင်း၊ ရပ်တန့်ပေးရန် ဖော်ပြခြင်း၊ တောင်းဆိုခြင်းများ ပါဝင်ခြင်းမရှိသည့် ဘက်လိုက်မှု ရှိသော တစ်ဖက်သတ် ကြေညာချက်ဖြစ်ကြောင်း တွေ့ရှိရသည်။

အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့်ကိစ္စများ၊ မှန်ကန်မှုမရှိသော အချက်များအပေါ် အခြေခံထားပြီး၊ ဘက်လိုက်မှုရှိ၍ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့သည့် အဆိုပါပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

 

Press Statement

The Ministry of Foreign Affairs has learnt that on 26 November 2021, some countries including the United States of America have issued a joint statement regarding the situation in Myanmar. It is observed that the joint statement contained sweeping and groundless accusations against the Tatmadaw such as human rights violations and disproportionate use of force.

The Ministry underscores that facts expressed in the joint statement are totally groundless and merely sweeping allegations emanating from groups who are committing terrorist acts or opposing the Government. The Myanmar security forces exercise utmost restraint and only use minimal and befitting force when performing their main duty of ensuring peace, stability, security and rule of law of the country.

Failure and negligence to mention, to condemn and to call for cessation of terrorist activities including the acts of jeopardizing peace and stability, disrupting rule of law and administrative mechanisms and killings of innocent civilians increasingly committed by those terrorist groups clearly demonstrate that the joint statement is a one-sided and biased one.

The Ministry strongly objects the joint statement issued with the political motives as the contents of the statement were not only flawed and biased but also meddled the internal affairs of a sovereign State.

Ministry of Foreign Affairs
Nay Pyi Taw
Dated, 27 November 2021

Exchage Rate

Feed not found.

Contact info

Lao-Thai Road, Watnak Village Sisattanak District, P.O.Box No-11 Vientiane PDR.

mmembvte@gmail.com

(856) (21) 314910, 314911, 353491

(856) (21) 314913

www.myanmarembassy-vte.org